International News

မြန်မာနိုင်ငံမှ ထွက်ရှိသည့်ထောပတ်သီးများကို ဘာရိန်းနိုင်ငံမှ ဝယ်ယူရန် Hybrid စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

Last Updated:

မြန်မာနိုင်ငံမှ ထွက်ရှိသည့်ထောပတ်သီးများကို ဘာရိန်းနိုင်ငံမှ ဝယ်ယူရန် Hybrid စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီးများကို ဘာရိန်းနိုင်ငံမှ ဝယ်ယူရန်အတွက် အိန္ဒိယအခြေစိုက် Riyara ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)မှ တာရှိသူများ၊ အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့၊ မြန်မာစီးပွားရေးသံမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (နေပြည်တော်)နှင့် ရှမ်းပြည်နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ၃၁.၈.၂၀၂၃ ရက်နေ့တွင် Hybrid ဖြင့် စီးပွားရေးတွေ့ဆုံဆွေးနွေးမှုကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ ထောပတ်သီးများကို ပြည်ပဈေးကွက်ရရှိပြီး ပိုမိုတိုးချဲ့တင်ပို့နိုင်ရန်အတွက် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ဘာရိန်းနိုင်ငံ Riyara ကုမ္ပဏီမှ ၎င်းတို့နိုင်ငံအတွင်းရှိ လက်လီအရောင်းဆိုင်များ၌ ရောင်းချလို၍ မြန်မာနိုင်ငံမှ ထောပတ်သီးများကို ဝယ်ယူတင်သွင်းရန် စိတ်ဝင်စားပြီး တင်သွင်းနိုင်ရန်အတွက် ထုတ်လုပ်မှုပမာဏ၊ အရည်အသွေး၊ အသိအမှတ်ပြုလက်မှတ်များ၊ သယ်ယူပို့ဆောင်မည့် နည်းလမ်းနှင့် ထုတ်ကုန်သက်တမ်း(Shelf Life) အခြေအနေများကို မေးမြန်းကြပြီး မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)မှ တာဝန်ရှိသူများက Global GAP လက်မှတ်ရရှိထားသည့် ထောပတ်ခြံများ၊ အရည်အသွေးစစ်ဆေးထားသည့် ထောက်ခံချက်များ၊ တင်ပို့နိုင်မည့် ပမာဏများနှင့် လက်ရှိတင်ပို့နေသည့် ဈေးကွက်အခြေအနေတို့ကို တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုအရ လာမယ့်အောက်တိုဘာလလယ်တွင် ထောပတ်သီးနှင့် ထောပတ်သီး အဆီ နမူနာများကို ပေးပို့သွားမှာဖြစ်ပြီး လိုအပ်သည်များကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့နှင့် အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့၊ မြန်မာစီးပွားရေးသံမှူးတို့မှ ဆက်လက်ကူညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။

Category: International News